Review of Black Canyon Myanmar (Sayar San Branch)
Black Canyon Myanmar (Sayar San) ဆိုင်ခွဲပဲဖြစ်ပါတယ်။ Coffee ကောင်းကောင်းကိုမှကြိုက်နှစ်သက်သူတွေ၊ နိုင်ငံတကာမှ အစားအသောက်ကောင်းကောင်းများကို စားသုံးချင်သူတွေအတွက်တစ်ကယ်ကို
ကောင်းတဲ့နေရာကောင်းတစ်ခုပဲလို့ ညွန်းဆိုချင်ပါတယ်။ ဆိုင်တည်ရှိတဲ့နေရာကတော့ စားသောက်ဆိုင်များ စုစည်းတည်ရှိနေတဲ့ ဆရာစံလမ်းမှာပဲဖြစ်ပါတယ်။
ကောင်းတဲ့နေရာကောင်းတစ်ခုပဲလို့ ညွန်းဆိုချင်ပါတယ်။ ဆိုင်တည်ရှိတဲ့နေရာကတော့ စားသောက်ဆိုင်များ စုစည်းတည်ရှိနေတဲ့ ဆရာစံလမ်းမှာပဲဖြစ်ပါတယ်။
ဆရာစံလမ်းလို့ပြောလိုက်ရင်ပဲ တစ်ကယ်ကို တိတ်ဆိတ်အေးချမ်းပြီး အေးအေးဆေးဆေးနေရာဆိုတာ
ပြောစရာတောင်လိုမယ်မထင်ပါဘူး...
ပြောစရာတောင်လိုမယ်မထင်ပါဘူး...
ကဲ ၀င်သွားကြည့်လိုက်ကြရအောင်။ ဆိုင်ခြံဝင်းကလဲ ကျယ်တာမို့ ကားပါလာတဲ့သူတွေအတွက် Parking မရမှာစိတ်ပူစရာမလိုဘူးပေါ့.....ကားတခုခုဖြစ်သွားမှာတို့ ကားက ပစ္စည်းတွေ ယူသွားတာတွေမဖြစ်စေဖို့ Security ဦးလေးတွေကလဲ အဆင်သင့်မို့ ချစ်သူနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် သူငယ်ချင်းတွေ
နဲ့ဖြစ်ဖြစ် စိတ်ချလက်ချ အေးအေးဆေးဆေး ကော်ဖီလေးသောက် မုန့်လေးစားပြီး စကားတွေဖောင်ဖွဲ့ ပြောလို့ရပြီပေါ့….

နဲ့ဖြစ်ဖြစ် စိတ်ချလက်ချ အေးအေးဆေးဆေး ကော်ဖီလေးသောက် မုန့်လေးစားပြီး စကားတွေဖောင်ဖွဲ့ ပြောလို့ရပြီပေါ့….

ကားလဲနေရာရပြီဆိုတော့ လူနေရာ ရဖို့ပဲလိုတယ် အဲ့တော့ နေရာတစ်နေရာရှာဖို့ ဆိုင်ထဲကို စ၀င်လိုက်တဲ့အခါ Country Music လေးကို စကြားလိုက်ရပြီး
နှာခေါင်းထဲကိုဝင်လာတဲ့အနံ့တစ်ခုကြောင့် ဘယ်နေရာကလဲ ဆိုပြီး မျက်လုံးလေးကစားလိုက်တဲ့အချိန်မှာ ကော်ဖီစေ့ကို ကြိတ်နေတာကိုတွေ့လို့ နည်းနည်းစပ်စုလိုက်တဲ့အခါမှာ Imported Coffe တွေကိုပဲ သုံးထားတာတဲ့ အဲ့တာနဲ့အဲ့Coffee ကို ၀ယ်မယ်ဆိုတော့ Counter ဘေးနားမှာ အစီအရီလေးနေရာယူထားတဲ့ Gourmet Coffee, Dip Coffee တို့ကို တွေ့လိုက်တော့ Admin တော့ ထီပေါက်ပီပဲဆိုပြီး စိတ်ထဲကျေနပ်သွားတယ်
(၂)ထပ်ရှိတော့အောက်ထပ်မှာထိုင်ရမလား အပေါ်မှာထိုင်ရမလား ဆိုပြီး အပေါ်ထပ်မှာထိုင်ဖို့ တက်သွားလိုက်တော့ အပေါ်ထပ်မှာဆို ၀ရံတာလေးတစ်ခုတွေ့ရတယ် အတွင်းမှာတော့ Air Con ခန်းဖြစ်တာကြောင့် No Smoking Sign တွေတပ်ထားတော့ ဆေးလိပ်သောက်ချင်တဲ့ ကိုကိုတွေအတွက် အဆင်မပြေဖြစ်တာပေါ့ အဲ့တာကို Black Canyon ဆိုင်က ဆေးလိပ်သောက်တဲ့သူတွေအတွက်လဲ စဉ်းစားပေးထားပုံရတယ်
အပြင်မှာ No Smoking Sign မကပ်ထားတော့ အဆင်ပြေသွားတာပေါ့ ကိုယ်ကနေရာမရသေးဘူး နေရာပတ်
ကြည့်လိုက်တော့ အခန်း (၃)ခန်းရှိတယ် Family Dinner တို့ Business Talk တို့ သူငယ်ချင်းတွေနဲ့ Gatheringလုပ်မယ်ဆိုရင် အခန်းယူတော့ သီးသန့်လေးလို ဖြစ်တာပေါ့..... အဲ့အခန်းတွေက ကြိုပြီး Book လုပ်ထားသင့်တယ်တော့ ထင်တယ် ကိုယ်သွားပြီးမှ အခန်းပြည့်နေတယ်ဆိုဘယ်လိုလုပ်မလဲ?
အဲ့တာကြောင့် အခန်းယူမယ်ဆို ကြို book လုပ်ပါလို့.....
ကိုယ်ကတော့ သီချင်းလေးနားထောင် စာအုပ်လေးလဲ ဖတ်ချင်တာမို့ ၂ ယောက်ခုံလေးမှာထိုင်လိုက်ပြီး Menu လာချပေးတော့ Menu လေးလှန်တော့ Europe အစားအစာကော Asian Food ကော တော်တော်စုံတယ်... Portion အများကြီးမစားနိုင်ဘဲ Menu စုံတာလဲ စားချင်တဲ့သူတွေအတွက်လဲ Set Menu လေးတွေရှိတယ် Coffee, Tea အပြင် အခြား Beverage Menu တွေပါရတော့ စိတ်ထဲကျေနပ်သွားတယ် Beer ကို Bottel အပြင် Draught ပါ ရတော့ အဆင်ပြေချက်ပဲ အမျိုးတို့ရေ Alcohol သောက်ချင်တယ် မူးမှာလဲ
ကြောက်တဲ့ မမတို့အတွက်ကတော့ ကျန်းမာရေးအတွက်လဲကောင်းတဲ့ Wine ကောင်းကောင်းလေးတွေပါ
Displayပြထားတော့ ကြိုက်ရာရွေးသောက်လို့ ရတာပေါ့ ...
အားလုံးကို ခြုံငုံပြောရမယ်ဆို တကယ်ကို အေးအေးဆေးဆေးထိုင်နိုင်ပြီး လူတိုင်းစားနိုင်တဲ့ Menu ပေါင်းများစွာကိုလည်း အရသာရှိစွာစားသုံးနိုင်ပြီး Service ကောင်းတဲ့ Staff တွေရှိတာကြောင့် စိတ်ညစ်ပြီးပြန်ထွက်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ..တယောက်တည်းသမားတွေအတွက်လဲ နားအေးပါးအေးသွားထိုင်လို့ရတော့ အဆင်ပြေတယ်ဆိုတာထက်ကို ပိုပါတယ် ...
သြော် ဈေးနှုန်းတွေကလဲ သင့်တင့်တာမို့ Black Canyon Myanmar (Sayar San) ကိုသွားရောက် မြည်းစမ်းဖို့ အကြံပေးချင်ပါတယ်။
Comments
Post a Comment